မြန်မာ့ဒီမိုကရေစီရေးတွင်ပါဝင်ရမည့်ပြ ည်ပရောက်မြန်မာများ၏အခန်းကဏ္ဍ



မြန်မာ့ဒီမိုကရေစီရေးတွင်ပါဝင်ရမည့်ပြ ည်ပရောက်မြန်မာများ၏အခန်းကဏ္ဍ

The Role of Burmese Diaspora in  the Burmese Democracy Movement


ကိုယ်ထီးကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ဗမာတို့ဟာအင်္ဂလိပ်လက်အောက်ရောက်ခဲ့ရပြီးသူတပါးကျွန်ဖြစ်ခဲ့ရဘူးပါတယ်
၊အင်္ဂလိပ်နယ်ချဲ့ဟာဗမာတွေလူညွန့်တုံးစေလိုတဲ့ရည်ရွယ်ချက်ဖြင့်စနစ်တကျစီမံချက်များချမှတ်အကောင်အ
ထည်ဖေါ်ခဲ့ပါတယ်၊သာဓကအားဖြင့်မြန်မာတွေရဲ့ဇာတိသွေးဇာတိမာန်ချိုးနှိမ်သည့်အနေဖြင့်ဗမာ့ထီးနန်းကိုအပြီး
အပိုင်ချေမှုန်းပြီဗမာနိုင်ငံကိုအိန္ဒိယနိုင်ငံရဲ့ပြည်နယ်တခုအဖြစ်သွတ်သွင်းပြီးကျွန်ပြုအုပ်ချုပ်ခဲ့ပါတယ်၊အင်္ဂလိပ်နယ်
ချဲ့ရဲ့လူညွန့်တုံးရေးပေါ်လစီကြောင့်အဲဒီတုံးကကုလားတရုတ်တွေဟာအဂ်လိပ်ကျွန်၊ဗမာတွေကကုလားတရုတ်
ထက်တဆင့်နိမ့်တဲ့သဘောက်ဘဝကိုကျရောက်ခဲ့ရပါတယ်၊အဲဒီလိုရောက်ခဲ့ရတာကိုဗမာမျိုးချစ်တွေအကြီးအကျယ်
မခံမရပ်နိုင်လို့နည်းပေါင်းစုံသုံးပြီးတိုက်ပွဲဝင်ခဲ့ကြတယ်၊ကိုလိုနီထမ်းပိုးအောက်ကဗမာပြည်သားတွေညီညီညွတ်
ညွတ်ရုန်းထွက်ကြဖို့အတွက်ကိုလိုနီပညာရေးစနစ်ကိုဆန့်ကျင်တဲ့ပထမကျောင်းသားသပိတ်မှာတက္ကသိုလ်ကျောင်း
သားများရဲရဲတောက်တိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်နယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများအထိ
ကျယ်ပြန့်သွားပါတယ်၊အဲဒီကမှတဆင့်၁၉၄၈ခုနှစ်မှာဗမာ့ပြည်လွတ်လပ်ရေးရသည်အထိအောင်မြင်ခဲ့ပါတယ်။

ဗမာပြည်သူတွေဟာလွတ်လပ်ရေးရဲ့အသီးအပွင့်ကိုကာလတိုတောင်းစွပဲခံစားခဲ့ရပါတယ်၊၁၉၆၂ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်း
ဦးဆောင်တဲ့ဗမာစစ်အာဏာရှင်များလက်အောင်ကိုကျရောက်ခဲ့ရပါတယ်၊ပြည်သူတွေတရားဝင်တင်မြှောက်ထားတဲ့ဝန်ကြီးချုပ်
ဦးနုခေါင်းဆောင်တဲ့ဒိမိုကရေစီအစိုးရထံမှအာဏာသိမ်းယူတုံးက၊ဗိုလ်ချုပ်ကြီးနေဝင်းကတိုင်းပြည်ဂျောက်ထဲမကျခင်အချိန်မီ
ကယ်တင်လိုက်ရပါတယ်လို့ပြောကြားခဲ့ပါတယ်၊အခုလက်တွေ့ပြန်လည်ကြည့်တဲ့အခါမှာသူပြောသလိုမဟုတ်ပဲဗမာပြည်သူ
တရပ်လုံးဟာဘယ်တုံးကမှမမြော်လင့်ခဲ့တဲ့လူ့ငရဲဖြစ်တဲ့အသူရာနက်တဲ့ဂျောက်ထဲရောက်နေတာကိုတွေ့ရပါတော့တယ်၊မည်
သို့ပင်ပြည်သူတွေကိုချော့တမျိုး၊ချောက်တမျိုးဖြင့်လိမ်လည်လှည့်ပြားစေကာမူခေတ်အဆက်ဆက်မှာအတိုးတက်ဆုံးအ
ထက်မြက်ဆုံးနေရာမှာရှိကြတဲ့ကျောင်းသားများဟာစစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာတဲ့အတွင်းစိတ်သဘောကိုအ
ရင်ဆုံးခွဲခြမ်းစိတ်ဖြာပြီးသိကြပါတယ်၊အဲဒါကြောင့်မဆလတပါတီစစ်အာဏာရှင်အစိုးရကို၈၈၈၈လူထုအရေးတော်ပုံမှာ
ဦးဆောင်ဖြုတ်ချပြခဲ့ပါတယ်၊အခုဆိုရင်၈၈၈၈လူထုအရေးတော်ပုံကြီးဆင်နွှဲခဲ့တာ(၂၅)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ၊မဆလတ
ပါတီအာဏာရှင်အစိုးရကိုအောင်မြင်စွာဖြုတ်ချခဲ့နိုင်တာမှန်သော်လဲ၊စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်မချေမှုန်းနိင်ပါ၊ပြည်
သူတွေလိုလားချီတက်နေတဲ့စစ်မှန်တဲံဒီမိုကရေစီပန်းတိုင်ကိုမရောက်သေးပါဘူး၊အလွန်ကောက်ကျစ်ပြီးပရိယယ်များလှ
တဲ့စစ်အာဏာရှင်များဟာလူကြားကောင်းပြီးအများလက်ခံနိုင်မည်စကားလုံးများအမြဲရွေးချယ်အသုံးပြုခဲ့သလို၊သူ့ခေတ်နှင့်
သူ့အခါလျှောက်လူကြိုက်များတဲ့အမည်များကိုလဲရွေးချယ်အသုံးပြုလေ့ရှိပါတယ်၊ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ်တုံးက
ကမ္ဘာ့နိုင်ငံအသီးသီးမှာဆိုရှယ်လစ်စနစ်အလွန်ခေတ်စားပါတယ်၊အဲဒါကြောင့်ဆိုရှယ်လစ်စနစ်ကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ
ချီတက်မယ်လို့ကမ္ဘာကိုကြေငြာခဲ့တယ်၊တကယ်လက်တွေ့မှာတော့မဆလတပါတီအာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့တာပါ၊
တိုင်းပြည်ကိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်ရောက်အောင်(၂၆)နှစ်အတွင်းပို့ဆောင်ခဲ့လို့ဦးနေဝင်းခေါင်းဆောင်တဲ့မဆလ
အစိုးရကို၈၈၈၈အရေးတော်ပုံကြီးကဖြုတ်ချခဲ့တာပါ၊ဒါပေမဲ့စစ်အာဏာရှင်များဟာလူထုကတရားဝင်ရွေးချယ်တင်မြှောက်ခဲ့
တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအာဏာလွှဲပေးခြင်းမပြုခဲ့ပါဘူး၊အကြောင်းအမျိုးမျိုးပြပြီး၊အမည်အမျိုးမျိုးပြောင်းလဲ
မှည့်ခေါ်ထားတဲ့စစ်အာဏာစနစ်ဟာယနေ့တိုင်ဗမာနိုင်ငံမှာရှိနေဆဲပါပဲဆိုတာကိုဗမာပြည်သူလူထုတရပ်လုံးအထူးသတိထား
သတိရကြဖို့လိုပါတယ်။

ဗမာစစ်အာဏာရှင်များဟာမိမိတို့လက်ဝယ်ကိုမတရားရောက်ရှိနေတဲ့အာဏာကိုကြာနိုင်သမျှကြာအောင်ဆုတ်ကိုင်ထားလိုတာ
မို့နည်းပေါင်းစုံသုံးပြီးကြိုးပမ်းလာခဲ့တာယနေ့အထိပါပဲ၊ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြည်သူလူထုရဲ့ဆန္ဒမပါပဲနှစ်ပေါင်း
များစွာအချိန်ယူပြီးစိတ်တိုင်ကျရေးဆွဲခဲ့တယ်၊၂၀၀၈ခုနှစ်မှာပြည်သူလူထုဟာနာဂစ်လေမှုန်တိုင်းဒဏ်ကြောင့်အလူးအလဲ
ဒုက္ခပေါင်းစုံကိုခံစားနေရတုံးမှာကလိမ်ကကျစ်နည်းများသုံးပြီးအတည်ပြုခဲ့ပါတယ်၊အဲဒိနာဂစ်အခြေခံဥပဒေကြီးကိုအသုံးပြုပြီး
၂၀၁၀ခုနှစ်မှာရွေးကောက်ပွဲကျင်းပခဲ့တာကြောင့်သမ္မတကြီးဦးသန်းစိန်ခေါင်းဆောင်တဲ့ဒီမိုကရေစီစနစ်ကိုလက်ခံကျင့်သုံးပါမယ်
လို့ကမ္ဘာကိုကြေငြာထားတဲ့လက်ရှိအစိုးရဆိုတာပေါ်ထွက်လာခဲ့တာပါ၊အခုလက်ရှိအရေခွံလစစ်ဗိုလ်ချုပ်များရဲ့ခေါင်းဆောင်
သမ္မတကြီးဦးသိန်းစိန်ကလဲကမ္ဘာ့သမိုင်းမှာမကြုံတွေ့ခဲ့ရဘူးသေးတဲ့ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက်လိုအပ်တြဲ့
ပုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နေပါတယ်လို့ကမ္ဘာကိုကြေငြာခဲ့ပြန်ပါတယ်၊အပြောကတော့မစားရဝခမန်းပါပဲ၊စိန်နား
ကပ်ကြီးပန်ရမလိုဆိုတဲ့သီချင်းလိုပါပဲ၊

မြန်မာ့နည်းမြန်မာ့ဟန်နဲ့လွန်ခဲ့တဲ့(၂၅)နှစ်တုံးကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့်ဗမာနိုင်ငံကိုကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ်
သို့ရောက်ရှိအောင်သက်သေထူခဲ့သလိုအခုလဲသမ္မတကြီးဦးသိန်းစိန်နှင့်သမ္မတလူကြမ်းအဖွဲ့သားများကတိုင်းပြည်နဲ့လူမျိုးကိုဘယ်လိုဒုက္ခပေးအုံးမယ်ဆိုတာကိုမကြာမီလာတော့မဲ့သမိုင်းဖြစ်စဉ်ပိတ်ကားကြိးပေါ်မှာတွေ့မြင်ရတော့မှာပါ၊မျက်မမြင်အများအပြားကိုအခြားမျက်မမြင်တဦးကခေါင်းဆောင်မယ်ဆိုရင်သူတို့အားလုံးဂျောက်ထဲကျပြီးဒုက္ခရောက်ကြမှာသေချာပါတယ်၊ဗမာပြည်သူအားလုံးကိုလိုအပ်တဲ့အသိပညာ၊အတတ်ပညာတပ်ဆင်ပေးဖို့အရေးကြီးလှတဲ့အလှဲ့အပြောင်းအချိန်ကာလကိုရောက်ရှိနေ့ပြီ၊အဲဒီပြည်သူတွေအတွက်လိုအပ်တဲ့အသိပညာ၊အတတ်ပညာတွေတပ်ဆင်ပေးရမဲ့အဓိကတာဝန်ကြီးဟာ၈၈မျိုးဆက်များရဲ့ပုခုံးပေါ်ကိုရောက်ရှိလို့လာပါပြီ၊ဆရာကြီးဗန်းမော်တင်အောင်ရဲ့စကားကိုသုံးရမယ်ဆိုရင်၊အခုလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေတ်ကြီးကပေးအပ်လိုက်တဲ့ကြီးမာလှတဲ့တာဝန်ကြီးကို၈၈မျိုးဆက်များဘယ်နည်းဘယ်ပုံဖြင့်ဆက်လက်ဆောင်ရွက်မလဲဆိုတာကိုယ္ခုကျင်းပတဲ့၈၈မျိုးဆက်များညီလာခံကြီးမှာဆွေးနွေးညှိနှုင်းအဖြေရှာနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပ်ါတယ်။

ဗမာစစ်အာဏာရှင်စနစ်ကြောင့်ထွက်ပေါ်လာတဲ့အကျိုးဆက်များကတော…

၁။စစ်အာဏာရှင်ကြီးများ၊သူတို့ရဲကမိသားစုဝင်များ၊ဆွေမျိုးများနှင့်သူတို့ကိုပံ့ပိုးပေးတဲ့ခရိုနီများဟာထားစရာနေရာမရှိ
အောင်ချမ်းသာနေကြပါတယ်၊

၂။သန်း(၆၀)သောပြည်သူများကတော့၊စားစရာမရှိတဲ့အခြေအနေဆိုးအဆင့်ကိုရောက်နေပါတယ်၊

၃။၂၀၀၈နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာဗမာနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးတဲ့၊တရားဥပဒေစိုးမိုးတဲ့၊ဲငြိမ်းချမ်းတဲ့၊ဗမာအပါအ
ဝင်လူမျိုးစုအားလုံးအခွင့်အလမ်းတူညီစွာခံစားရတဲ့၊ဒီမိုကရေစီနိုင်ငံကြီးအဖြစ်တည်ဆောက်ရေးလမ်းတွင်ပိတ်ဆို့နေပါ်
တယ်၊
အထက်ပါအကျိုးဆက်များကတော့လက်ရှိကြုံတွေ့ရတဲ့အကျိးဆက်အများအပြားထဲကအထင်ရှားဆုံးတို့ကိုဖေါ်ပြ
ထားခြင်းဖြစ်ပါတယ်။
၈၈မျိုးဆက်များလျှေက်လှမ်းရမည့်ရှေ့လုပ်ငန်းစဉ်များအတွက်ကနေဒါနိုင်ငံကိုအခြေခံတဲ့၊ကြုံခဲ့ရတဲ့နောင်တွင်ရှောင်ရမည့်
ပျော့ကွက်၊ဟာကွက်နှင့်ဆောင်ရမည့်အကြံပြုချက်များ…

၂၅-နှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့၊နောင်တွင်ရှောင်ရှားသင့်၊ပြုပြင်သင့်တဲ့ပျော့ကွက်ဟာကွက်များ….

၁။ကနေဒါနိုင်ငံပြည်နယ်အသီးသီးတွင်ပြန်ကျဲတည်ရှိနေတဲံအဖွဲ့အစည်းများ၊တနိုင်ငံလုံးအတိုင်းအတာဖြင့်စုပေါင်းဆောင်
ရွက်ရာတွင်အလွန်အားနည်းခြင်း
၂။ဗမာအဖွဲ့အစည်းများနှင့်လူမျိုးစုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေးတွင်အလွန်အားနည်းခြင်း

၃။ဗမာနိုင်ငံကိုကိုယ်စားပြုတဲ့လှုပ်ရှားမှုများ(ဥပမာကနေဒါနိုင်ငံအစိုးရနှင့်ဆက်သွယ်ရေနှင့်ဗမာနိုင်ငံနှင့်ကနေဒါနိုင်ငံ
ပူးပေါင်းဆောင်ရွက်ရေးအတွက်လှုပ်ရှားများအားနည်းခြင်း

၈၈မျိုးဆက်များ၏ရှေ့လုပ်ငန်းများအတွက်အကြံပြုချက်များ..

၁။မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများဆောင်ရွက်နေပြီဖြစ်သောကြောင့်ပြည်ပရောက်မြန်မာများဘာမှလှုပ်
ရှာစရာမလိုတော့ဟုယူဆနေကြသူများရှိနေပါတယ်၊မှားယွင်းတဲ့အတွေးအခေါ်ဖြစ်ပါသည်၊

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများက၊တောင်းဆိုနေသည့်အချက်မှာ၊ဒီမိုကရေစီတိုက်ပွဲဝင်အင်အားစုများ(ပြည်ပရောက်
၈၈မျိုးဆက်များနှင့်ပြည်တွင်း၈၈မျိုးဆက်များဟနိချက်ညီညီပူးပေါင်းဆောင်ရွက်ရန်အထူးလိုအပ်နေတဲ့အချိန်ဖြစ်သော
ကြောင့်၊ပြည်ပရောက်မြန်မာများယ္ခင်ကထက်ပိုမိုလှုပ်ရှားကြဖို့အထူးလိုအပ်ပါတယ်)၊အဲဒီလိုအပ်ချက်ပြည့်ဝစွာအကောင်
အထည်ဖေါ်နိုင်ရေးကိုအသိရှိရှိဖြင့်ပူးပေါင်းဆောင်ရွက်ရန်

၂။ဗမာအပါအဝင်လူမျိုးစုအားလုံးပူးပေါင်းဆောင်ရွက်ရေးကိုပြည်တွင်းရောပြည်ပတွင်ပါတွန်းအားပေးဆောင်ရွက်ရန်

၃။ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းတွင်ပိတဆို့နေတဲ့၂၀၀၈ခုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုပြည်သူ
လူထု၏စုစည်းညီညွတ်မှုအင်အားအပြည့်အဝရယူပြီးအမြန်နိုင်ဆုံးစုပေါင်းဆောင်ရွက်ရန်

၎။ပြည်ပရောက်မြန်မာများ၊မိမိတို့ရောက်ရှိနေထိုင်ရာနိုင်ငံအလိုက်၊တနိုင်ငံလုံးကိုကိုယ်စားပြုတဲ့(ဖယ်ဒရယ်အမျိုးအစား)အဖွဲ့
အစည်းမျာနှင့်၊ဗမာအပါအဝင်လူမျိုးစုအားလုံးစုပေါင်းဆွေးနွေးနိုင်တဲ့ဖိုရွန်များဖွဲ့စည်းရန်၊လူမျိုးစုများအားလုံးစုပေါင်းပါ
ဝင်ဆွေးနွေးခြင်း၊အဖွဲ့အစည်းများအလိုက်၊တဦးချင်းအလိုက်အပြန်အလှန်ကူညီခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းများ
အားကောင်းလာရေးဆောင်ရွက်ရန်

၂၅နှစ်မြောက်၈၈မျိုးဆက်များညီလာခံအတွက်ဆွေးနွေးတင်ပြရန်အချက်အလက်များမြောက်များစွာရှိပါတယ်၊ဤကားအ
တိုချုံးတင်ပြရင်းမြန်မာပြည်သူအားလုံးမျှော်မှမ်းထားတဲ့စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်သို့စည်းကမ်းရှိစွာ၊ညီညွတ်စွာ
ပူးပေါင်းဆောင်ရွက်ရင်းချီတက်ကြပါစို့…

ဦးသန်းအောင်
ကိုအော်ဒီနေတာ( Coordinator)
မြန်မာကနေဒီယန်ကွန်ယက်(BurmeseCanadian Network)
ကနေဒါနိုင်ငံ။
Tel:780 439 7555, Cell:780 953 9877
Email:thanaung1994@gmail.com
SKYPE ID: minngyee
၂၀၁၃ခု-ဇွန်လ(၂၈)ရက်။







 

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင်မြန်မာလူငယ်များအတွက်လက်ဆောင်မွန်

၂၀၁၃ခုနှစ်ဇွန်လ(၁၉)ရက်ဟာလူထုခေါင်းဆေင်ဒေါ်အောင်ဆန်းစုကြည်ရဲ့(၆၈)နှစ်ပြည့်
မွေးနေ့ဖြစ်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရွှင်လန်းပြီးမြန်မာပြည်သူလူထုကြီးတ
ရပ်လုံးရည်မှန်းချီတက်နေတဲ့ဒီမိုကရေစီပန်းတိုင်အမြန်ရောက်အောင်ဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းရင်းမြန်မာလူငယ်များအတွေးမှန်လုပ်ဆောင်ချက်မှန်စေရန်အထောက်
အကူပေးမည့်အောက်ပါကဗျာကိုအမှတ်တရမျှဝေလိုက်ပါတယ်။

မင်းကြီး(ဂျာမဏီ)
၂၀၁၃ခု၊ဇွန်လ(၁၉)ရက်

---------------------------------------------

အကယ်၍
ရုဒ်ရပ်ဒ်ကစ်ပလင်း
ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်….

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..

ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။

ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”

If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING
(1865 – 1936)
 

မွေးနေ့ဆုတောင်း Daw Aung San Suu Kyi s 68th Birthday


 

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1