မြန်မာပြည်သူလူထုရဲ့စွမ်းဆောင်နိုင်မှုကိုယုံကြည်ပါ၊ မိမိကိုယ်တိုင် ဒီမိုကရေစီတိုက်ပွဲမှာပါဝင်လှုပ်ရှားပါ

မြန်မာစစ်အာဏာရှင်များစိတ်တိုင်းကျ စီစဉ်ဖန်တီးထားတဲ့ ၂၀၁၀-ခု၊ နိုဝင်ဘာလ (၇)ရက်မှာကျင်းပတော့မဲ့ အတုအယောင်ရွေးကောက်ပွဲကြီးကိုမြန်မာပြည်သူလူထုသာမကကမ္ဘာ့နိုင်ငံများကပါမျက်ဝါးထင်ထင်ရှုစားရ ပါတော့မယ်။
   ၁၉၉၀ ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကအပြတ်အသတ် အနိုင်ရခဲ့ပြီး၊ စစ်အာဏာရှင်များကအသေအခြာနိုင်မယ်လို့မျှော်မှန်းထားတဲ့ (တစည) ပါတီဟာခွက်ခွက်လန်အောင် အရှုံးပေါ်ပြီးနိုင်ငံတကာအလယ်မှာ မျက်နှာပန်းမလှအရှက်ကွဲခဲ့တာကိုမြန်မာပြည်သူတွေ ယနေ့တိုင်  မှတ်မိနေကြပါတယ်ဒီအဖြစ်အပျက်ကိုစစ်အာဏာရှင်များယနေ့တိုင်မမေ့ကြသေးပါ၊ဒီတစ်ကြိမ် မှာတော့ ၁၉၉၀ ရွေးကောက်ပွဲလိုအရှုံးနဲ့ ရင်မဆိုင်ရအောင် ရွေးကောက်ပွဲကြီး အတွက်စစ်အာရှင်တွေ ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာကို အထူးထပ်လောင်းပြောပြဘို့ပင်မလို တော့ပါ၊ ကြံ့ဖွတ်ပါတီကို ဘယ်လိုပြုစု ပြိုးထောင်ခဲ့ပြီး၊အခုလောလောဆယ်အချိန်မှာမတရားမှုပေါင်းစုံသုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ရအောင်ဘယ်လိုဖန်တီးနေတယ်ဆိုတာနေ့စဉ်မြင်နေကြားနေရလို့လူတိုင်းလွယ်လွယ်နဲ့သဘောပေါက် နားလည်နိုင်ပါတယ်။
  ၁၉၆၂-ခှုကစပြီး(၄၈)နှစ်ကျော်ကြာမြန်မာစစ်အာဏာရှင်အဆက်ဆက်ကို ရဲဝံ့ ပြတ်သားစွာဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြတဲ့မြန်မာပြည်သူလူထုတရပ်လုံးအနေဖြင့်၊ လာမဲ့ရွေးကောက်ပွဲကြီးဟာဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးလမ်း ကြောင်းပေါ်ကအဆီးအတားတခုအဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသားဆန့် ကျင်ဖယ်ရှားပစ်ဘို့အပြင်းအထန် စည်းရုံးလှုပ်ရှားပြင်ဆင်လျှက်ရှိတာကို တွေ့ရပါတယ် ယခုကျင်းပတော့မဲ့ရွေးကောက်ပွဲကနေပြည်သူတွေလိုလားတဲ့ရလာဒ်ထွက်ပေါ်လာဘို့ အခက်အခဲ များစွာကိုကျော်လွှားရမယ်ဆိုတာအလွန်သေချာပါတယ်၊ နအဖစစ်အာဏာရှင်များဟာ စံနစ်တကျအကွက်ချပြီးအောက်တန်းကျတဲ့ရက်စက်မှုများသုံးပြီးဆန့်ကျင်သူများကိုနှိမ်နှင်းမဲ့အခြေအနေများရှိ နေပါတယ်၊၊
  မြန်မာစစ်အာဏာရှင်တွေ၊ဘယ်လောက်ပဲအင်အားကောင်းပြီးရက်စက် ကြမ်းကျုတ်ပါစေ၊ မြန်မာပြည်သူလူထုကသာ၊ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက်အဓိကလိုအပ်တဲ့၊မှန်ကန်တဲ့ခံယူချက် နှင့်၊ ညီညွတ်မှုရှိရင်မြန်မာပြည်သူလူထုဟာဒီတပွဲမှာလဲ၊ ၁၉၉၀ ရွေးကောက်ပွဲတုံးကလိုပဲအောင်ပန်းကို ဆွတ်ခူးနိုင်ပါတယ်၊ဒီနေရာမှာခံယူချက် မှန်ကန်ရေးနှင့်ညီညွတ်ရေးကိုတင်ပြလိုပါတယ်။
၁၉၉၀ရွေးကောက်ပွဲမှာပြည်သူတွေဘာကြောင့်အောင်ပွဲရခဲ့ကြသလဲ၊ ၁၉၆၂ ခုကစပြီးမဆလတပါတီ အာဏာရှင်စံနစ်ကိုအဆက်မပြတ်တိုက်ပွဲဝင်ခဲ့ကြတဲ့မြန် မာပြည်သူလူထုဟာ၊အုပ်စိုးသူ မဆလတပါတီ အာဏာရှင်အစိုးရရဲ့(၂၆)နှစ်အတွင်းကျူးလွန်ခဲ့တဲ့မတရားမှုများကိုရာနှုန်း ပြည့်သဘောပေါက်နားလည်ခဲ့ကြ တယ်၊ချမ်းသာကြွယ်ဝတဲ့နိုင်ငံအဖြစ်ကနေကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ် အောင်တွန်းပို့တဲ့တရားခံ အစစ်ဟာနအဖတပါတီစစ်အာဏာရှင်တွေဖြစ် ကြောင်းသိခဲ့ကြတယ်၊ အဲဒီလိုသဘောပေါက် နားလည်ပြီး မဆလတပါတီအာဏာ ရှင်စံနစ်ကိုဖြုတ်ချဘို့အရေးတကြီးလိုအပ်လာပြီဆိုတဲ့ခံယူချက်ကိုမြန်မာပြည်သူ တွေခေါင်းထဲအသဲနှလုံးထဲစွဲစွဲမြဲမြဲရောက်ရှိခဲ့ပါတယ်၊ဒီမှန်ကန်တဲ့ခံယူချက်ကိုအခြေခံပြီး၊ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကိုတခဲနက်ယုံကြည်စွာထောက်ခံခဲ့တဲ့အတွက် ၁၉၉၀ ရွေးကောက်ပွဲမှာသမိုင်းမှတ်တိုင်ထူပြီးအောင်ပွဲဆင် နိုင်ခဲ့ခြင်းဖြစ်ပါတယ်၊ဒီနေရာမှာအထူးဖေါ်ပြလိုတာ ကတော့မြန်မာပြည်သူလူထုဟာမှန်ကန်တဲ့ခံယူချက်ရှိသည်သာမက၊အံ့ဩဖွယ် ကောင်းလောက်အောင် လူထု လှုပ်ရှားမှုကြီးမှာကိုယ်တိုင်ကိုယ်ကျတခဲနက်ပါဝင်တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။
  လူထုတခဲနက်ထောက်ခံမှုဖြင့်၁၉၉၀ရွေးကောက်ပွဲကြီးကိုပြတ်ပြတ်သားသားအ နိုင်ယူပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးကိုလက်ရှိနအဖစစ်အာဏာရှင်များဟာ အလွန်မုန်းတီးတဲ့အပြင်၊အလွန့်အလွန်ကြောက်တယ်ဆိုတာယုံမှားသံသယရှိစရာမလိုပါ၊ဒေါ်အောင်ဆန်းစုကြည် ဟာလူထုခေါင်းဆောင်အစစ်ဖြစ်ပြီးအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးဟာလူထုပါတီကြီးဖြစ်တယ် ဆိုတာကို နအဖစစ်အာဏာရှင်များရာနှုန်းပြည့်နားလည်ယုံကြည်ကြတယ်၊ပြည်သူလူထုနဲ့ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးတို့တသားတည်းရပ်တည်နေတာကိုနအဖအာဏာရှင်များ လုံးဝမလိုလားကြပါ၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆေင်တဲ့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးဟာ အနှေးနဲ့ အမြန်နအဖစစ်အာဏာရှင်စံနစ်ကို ပြည်သူလူထုရဲ့အင်အားဖြင့်ဖျက်သိမ်းနိုင်တယ်လို့ယုံကြည်တာမို့ နအဖစစ်အာဏာရှင်များဟာဆောက်တည်ရာမရပဲအချိန်ပြည့်ကြောက်နေကြခြင်းဖြစ်ပါတယ်၊ဒီအချက်ကြောင့် ပြည်သူလူထုကြီးနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြီးတို့ ၁၉၉၀ရွေးကောက်ပွဲတုန်းကလိုတသားတည်းမဖြစ်အောင်နည်းပေါင်း စုံသုံးပြီးခွဲဖို့ကြိုးးစားခဲ့တဲ့ နအဖ စစ်အာဏာရှင်များရဲ့လုပ်ရပ်များကိုပြည်သူလူထု ကြီးတရပ်လုံးမြင်တွေ့ပြီးမြင်တွေ့ဆဲဖြစ်ပါတယ်။
  ယနေ့အချိန်အခါဟာ၊မှန်ကန်တဲ့ခံယူချက်ရှိဖို့နဲ့လာမဲ့ရွေးကောက်ပွဲအပါအဝင် နအဖစစ်အာဏာရှင်စံနစ် ဖျက်သိမ်းပြီးလူထုအားလုံးမျှော်မှန်းတဲ့ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး လှုပ်ရှားမှု ကြီးမှာပြည်သူလူထုတခဲနက် ကိုယ်တိုင်ကိုယ်ကျပါဝင်လှုပ်ရှားရေးဟာအထူးပဲအရေးကြီးလှပါတယ် မဆလတပါတီအာဏာရှင်အစိုးရကိုဖြုတ်ချခဲ့တုန်းကကျင့်သုံးခဲ့တဲ့လူထုကြီးရဲ့ခံယူချက်မျိုးဒီနေ့ဒီအချိန်မှာထား ရှိကြဖို့ လိုပါတယ်၊၂၀၀၈ခု-အခြေခံဥပဒေကိုအတည်ပြုအကောင်အထည်ဖေါ်မဲ့၂၀၁၀-ခု၊နိုဝင်ဘာ(၇)ရက်မှာ ကျင်းပတော့မဲ့ အတုအယောင် ရွေးကောက်ပွဲဟာ၊မိမိတို့ကိုယ်သာမကသားစဉ်မြေးဆက်စစ်ကျွန်အဖြစ်သွတ် သွင်းမဲ့နအဖရဲ့ယုတ်မာပက်စက်လှတဲ့အစီအစဉ်ဖြစ်တယ်ဆိုတာလူတိုင်းသိ နေပါတယ် မိမိကိုယ်သာမက မိမိတို့ရဲ့သားစဉ်မြေးဆက်စစ်ကျွန်ပြုလုပ်မဲ့ဒီလာ မဲ့ရွေးကောက်ပွဲကိုတခဲနက်ဆန့် ကျင်တိုက်ဖျက်ရေးဟာ လူထုကြီးတရပ်လုံးရဲ့အရေးအကြီးဆုံးတာဝန်ဖြစ်တယ်၊ဒီနေ့ရင်ဆိုင်နေရတဲ့အရေးဟာမြန်မာ နိုင်ငံသား တိုင်းရဲ့အရေးဖြစ်ပါတယ်၊မိမိတို့ရဲ့အခွင့်အရေးကိုမိမိတို့ကိုယ်တိုင်တိုက်ယူရမဲ့တာဝန်ကိုရဲရဲရင့်ရင့်ထမ်းဆောင် ကြရမဲ့အချိန်ဖြစ်ပါတယ်၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင်၊ဘယ်ပြည်ပနိုင်ငံကိုမှအားကိုးရမဲ့အချိန်လဲမဟုတ်ပါ၊ မိမိကိုယ်ကိုအားကိုးယုံကြည်တဲ့စိတ်ဓါတ်မွေးဘို့လိုပါတယ်၊မြန်မာနိုင်ငံအ တွင်းမှာရှိနေတဲ့ပြည်သူလူထု အင်အားသည်သာအစစ်အမှန်အားကိုးရတဲ့အင်အားဖြစ်ပါတယ်၊ ဒီလိုအမြင်ဒီလိုခံယူချက်တို့ဖြင့်လူတိုင်းလူတိုင်းကိုယ်တိုင်ကိုယ်ကျပါဝင်လှုပ်ရှားကြပါ၊ ၁၉၉၀ ရွေးကောက် ပွဲတုံးကလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးကိုညီညွတ်မှုအပြည့်ဖြင့် ဝန်းရံကြပါ မိမိပါဝင်တဲ့၊ပြည်သူလူထုကြီးရဲ့စွမ်း ဆောင်နိုင်မှုကို အကြွင်းမဲ့ယုံကြည်ပါ၊မိမိသာမကမိမိတို့ရဲ့သားစဉ် မြေးဆက်ရှေ့လာမဲ့နှစ်ပေါင်းများစွာသာယာဝပြောရေးကိုဦးတည်တဲ့လူထုလှုပ်ရှားမှုကြီးမှာတခဲနက်အောင်ပွဲ ဆင်ပြီးနအဖစစ်အာဏာရှင်များကိုဒီတကြိမ်မှာ လည်းပြတ်ပြတ်သားသားအနိုင်ယူကြပါလို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

အဖိနှိပ်ခံမြန်မာပြည်သူလူထုကြီးတခဲနက်အောင်ပွဲဆင်နိုင်ပါစေ
လူစိတ်ကင်းမဲ့တဲ့မြန်မာစစ်အာဏာရှင်များကျဆုံးပါစေ

ဦးသန်းအောင်
အပြည်ပြည်ဆိုင်ရာ၊မြန်မာနိုင်ငံစောင့်ကြည့်ရေးအဖွဲ့
အက်ဒမင်တန်မြို့
ကနေဒါနိုင်ငံ။
၂၀၁၀ခု၊နိုဝင်ဘာ(၅)ရက်
Share this article :
 

Post a Comment

B.C.N. Statement on Current CFOB Crisis

Peaceful Demonstration for Peace in Burma ( Rakhine )

Burmese Canadian Protest in Toronto

Text

NLD by Elections Manifesto p1